မေးနေကျမေးခွန်းများ
- ရာန်းမန်ဂလာ က ဘာလဲ ?
:: ထိုင်းနိုင်ငံတွင်းမှာ မြန်မာစားသောက်ကုန်တွေကို အွန်လိုင်းကနေ အိမ်တိုင်ရာရောက် ပစ္စည်းရောက်ငွေချေ စနစ်နဲ့ ရောင်းချပေးတဲ့ ၀န်ဆောင်မှုပါ။
- ဘယ်လို၀ယ်ရမှာလဲ ?
:: ၀ဘ်ဆိုဒ်နဲ့ အက်ပလီကေးရှင်း တွေကနေ ၀ယ်ယူမှာကြားနိုင်ပါတယ်။
:: ၀ဘ်ဆိုဒ် လိပ်စာက 👉 https://ranmangala.com
:: ဆော့ဖ်၀ဲလ် အက်ပ် ဖုန်းထဲသွင်းနည်း 👉 qrs.ly/7oenh4c
:: ဆော့ဖ်၀ဲလ် အက်ပ် ဖြင့် အော်ဒါတင်နည်း 👉 qrs.ly/6aenh4g
:: လိပ်စာဖြည့်သွင်းနည်း 👉 qrs.ly/6aenh4h
:: တင်ထားပြီးအော်ဒါကို ကန်ဆယ် ပြန်လုပ်နည်း 👉 qrs.ly/e9cyc2h
:: ဆော့ဖ်၀ဲလ် အေပီကေ ဒေါင်းရန်လင့် 👉 qrs.ly/lgd035z
:: ဆော့ဖ်၀ဲလ် အက်ပ် ဒေါင်းရန်လင့် 👉 qrs.ly/d3cvh2h
- ရာန်းမန်ဂလာကနေ ပစ္စည်း အမှာဘယ်လိုတင်ရလဲ ?
:: ရာန်းမန်ဂလာကနေပစ္စည်းမှာယူပုံ အဆင့်ဆင့် ဗီဒီယိုကို ကြည့်ရန် လင့် qrs.ly/6aenh4g
- ကိုယ့်ရဲ့ လိပ်စာကို ဘယ်ဘာသာနဲ့ ဖြည့်သွင်းရမှာလဲ ?
:: မြန်မာ၊ ထိုင်း ၊ အင်္ဂလိပ် ကိုယ်အဆင်ပြေသလို ထည့်သွင်းနိုင်ပါတယ်။ပစ္စည်းများအော်ဒါတင်တဲ့အခါမှာ ပေးပို့ရမယ့်လိပ်စာကို ( မြန်မာ၊ ထိုင်း ၊ အင်္ဂလိပ် ) အဆင်ပြေရာ ရေးထည့်ပေးပါ၊ မြန်မာလိုလဲ အဆင်ပြေပါတယ်၊ ဘာကြောင့်ဆို ကျွန်တော်တို့က ၀ယ်သူထံကို ပစ္စည်းပေးပို့တဲ့ အချိန်မှာ ထိုင်းဘာသာနဲ့ ပြန်ရေးပြီး ပို့ပေးမှာမို့လို့ပါ၊ အရေးကြီးတာက ပစ္စည်းလက်ခံမယ့်သူရဲ့ ဖုန်းနံပတ် နဲ့ ပို့စ်ကုဒ် ဂဏန်း ၅ လုံး မှန်ဖို့ပါ။
- ပစ္စည်းပို့ခတွေက ဘယ်လောက်ကျမှာလဲ ?
:: ၀ယ်ယူလိုက်တဲ့ ပစ္စည်းရဲ့အလေးချိန်နဲ့ ပို့ဆောင်ပေးရမယ် နေရာပေါ်မူတည် ပြီး ချက်အေက် (Check Out)လုပ်ချိန်မှာ အလိုအလျှောက်တွက်ချက် ပေးပါတယ်။ တည်နေရာ ခရိုင်းအလိုက် ပစ္စည်းပို့ဆောင်ခ ကျသင့်ငွေကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည် qrs.ly/bjenh5t
- ငွေပေးချေမှု စနစ်က ဘယ်လိုလဲ ?
:: ပစ္စည်းရောက်ပြီဆိုမှ ပစ္စည်းလာရောက် ပို့ပေးသူ (delivery) ကို ပေးချေရမှာ ဖြစ်ပါတယ်။
- ပစ္စည်းလာပို့သူက ပစ္စည်းရောက်ကြောင်း ဘယ်လို အကြောင်းကြားလာမှာလဲ ?
:: ပစ္စည်းလာမပို့ခင် နာရီအနည်းငယ် အလိုမှာ သင့်ဆီကို ဖုန်းဆက်အကြောင်းကြားလာပေးပါမယ်၊ သင့်နေထိုင်ရာနားကို ရောက်လာပြီဆိုရင်ဖြင့် ရန်းမန်ဂလာမှ မှာယူထားတဲ့ပစ္စည်း ေရာက်ပါပြီဆိုတာကို ထိုင်းဘာသာစကားဖြင့် ( ရာန်းမန်ဂလာ ခပ်/ခ မာဆုန်ဖတ်စတု ခပ်/ခ ) ဆိုပြီး ေခါ်လာေပးပါမယ်။
- အမှာတင်ထားတဲ့ပစ္စည်း ကိုယ့်လက်ထဲ ဘယ်အချိန်လောက်ရောက်လာမလဲ ဆိုတာ ဘယ်လိုသိနိုင်မလဲ ?
:: ပစ္စည်းအမှာတင်ပြီး နော် ပို့ဆောင်မှုချေရာခံလင့်ကို ရာန်မန်ဂလာ အက်ပ်ထဲမှာ ကြည့်ရှုနိုင်ပါတယ်။ အက်ပ်ကို အကောင့်၀င်မထားပဲ ၀ယ်သူလိုက်သူတွေ အနေနဲ့က မက်ဆင်ဂျာကနေတောင်ယူနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဘန်ကောက်နှင့်အနီးအေ၀ပေါ်မူတည်ပြီး ၃ ရက်မှ ၄ ရက်အတွင်း ကြာတတ်ပါတယ်။
- ၀ယ်ယူလိုက်တဲ့ ပစ္စည်းတွေကို ဘယ်ပို့ဆောင်ရေးနဲ့ ပို့ပေးမှာလဲ
:: ထိုင်းနိုင်ငံတွင်း နာမည်ကြီး ပို့ဆောင်ရေးတစ်ခုဖြစ်တဲ့ Flash Express (စာတိုက်အ၀ါ) နဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
- မှာထားပြီးပစ္စည်းကို cancel ဘယ်လို လုပ်ရမလဲ ?
:: ပစ္စည်းမှာယူပြီးချိန်မှာ အော်ဒါနံပတ်အမှတ်စဥ် နဲ့ မှာယူတာကိုလက်ခံရရှိကြောင်း ရာန်းမန်ဂလာကနေ ၀ယ်သူထံကို ဖုန်းမက်ဆေ့ဂျ် ပေး့ပါတယ်၊ အဲဒီ ပေးပို့ထားတဲ့ ဖုန်းမက်ဆေ့မှာ ပြန်ဖျက်၊ပြင်ဆင် (Cancel, Edit) လုပ်လိုပါကလဲ လုပ်၍ရအောင် လင့်ပါတပါတည်း ပေးပို့ထားပါတယ်၊တင်ထားတဲ့ အမှာအော်ဒါကို ပြန်ဖျက်ပုံဗီဒီယို ကြည့်ရန်လင့် qrs.ly/e9cyc2h
- မှာထားပြီးပစ္စည်းကို ဘယ်လို Return ပြန်လုပ်ရမလဲ ?
:: ပစ္စည်းလာပို့တဲ့သူနဲ့ မှာယူထားတဲ့ ပစ္စည်းကို ပြန်ပြီးပေးပို့ (Return) လုပ်လို့ရပါတယ်၊ခိုင်လုံတဲ့ အကြောင်းပြချက်တော့ ရှိရမှာဖြစ်ပါတယ်။
- မှာထားတဲ့ ပစ္စည်းကို လက်ခံငွေပေးချေပြီးနောက် ဘယ်လို Refund ပြန်လုပ်ရမလဲ ?
:: လာပို့တဲ့ ပစ္စည်းကို ငွေပေးချေပြီး နောက်မှာတော့ ငွေပြန်မအမ်းပေး (No Refund) တော့ပါ။
- ရာန်းမန်ဂလာမှာ လိုချင်တဲ့ ပစ္စည်း အမျိုးအစားက မရှိဘူး ဖြစ်နေတယ်၊
:: လိုချင်တဲ့ ပစ္စည်းအမျိုးအစားများ တင်ရောင်းရန် မက်ဆင်ဂျာ ချက်ဘောက်တွင် ပြောထားပေးနိုင်ပါတယ်။
- ၀ယ်လိုက်တဲ့ပစ္စည်းက စျေးများနေမှာကို စိတ်ပူမိတယ်၊
:: ရာန်းမန်ဂလာကနေ ပစ္စည်းများကို စျေးသက်သာစွာနဲ့ ရောင်းချနိုင်ရန် အမြဲပဲ ကြိုးစာနေမှာ ဖြစ်ပါတယ်။
- ကိုယ်နေတဲ့နေရာနားက စာတိုက်ရဲ့ ပို့စ်ကုဒ်က (postal code) ၀ဘ်ဆိုဒ်ထဲမှာ ရှိမနေဘူး၊
:: လောလောဆယ်မှာတော့ ၀ဘ်ဆိုဒ်ထဲမှာရှိနေတဲ့ စာတိုက်ပို့စ်ကုဒ် ရှိရာ နေရာဒေသတွေကိုပဲ ပစ္စည်းများကို ပေးပို့နိုင်ပါသေးတယ်။ ထိုင်းနိုင်ငံရဲ့ ခရိုင်အလိုက် စာတိုက်ပို့ကုဒ်တွေကို ဤနေရာတွင် ကြည့်ရှုနိုင်ပါတယ်။ https://worldpostalcode.com/thailand/
- ထိုင်းနိုင်ငံက မဟုတ်ပဲ အခြားနိုင်ငံ၊ နိုင်ငံတကာကရော ရာန်းမန်ဂလာက ပစ္စည်းတွေကိုမှာယူနိုင်ပါသလား ?
:: လောလောဆယ်မှာတော့ ထိုင်းနိုင်ငံတွင်းမှာပဲ ရောင်းချပို့ဆောင်ပေးပါတယ်။
- ရာန်းမန်ဂလာ ကရောင်းတဲ့ပစ္စည်းတွေရဲ့ စစ်မှန်မှုက စိတ်ချရသလား ?
:: ရာန်းမန်ဂလာ က ၀ဘ်ဆိုဒ်နဲ့ အက်ပ်မှာ ပြထားတဲ့ ပစ္စည်းများကို ပဲ စစ်မှန်စွာရောင်းချ ပေးပို့ပါတယ်။
- ဖေ့စ်ဘွခ်မက်ဆင်ဂျာကနေ အမှာစာတင်လို့ရပါသလား ?
:: ဖေ့စ်ဘွခ်မက်ဆင်ဂျာကနေ အမှာအော်ဒါတင်ပြီး ၀ယ်ယူလို့မရပါ၊ ၀ဘ်ဆိုဒ် နဲ့ အက်ပလီကေးရှင်းများမှပဲ ၀ယ်ယူနိုင်ပါတယ်။
- ရာန်းမန်ဂလာ အလုပ်ချိန်ကို သိပါရစေ
:: မနက် ၉ နာရီကနေ ညနေ ၅ နာရီဖြစ်ပါတယ်။
- ရာန်းမန်ဂလာ ရဲ့ ရုံခန်းလိပ်စာကို သိပါရစေ
::အမှတ် ၅၇၊ ဆွိုင်ဟွာမတ် ၃၁၊ ဟွာမတ်၊ ဘန်ကပိ၊ ဘန်ကောက်၊ ၁၀၂၄၀ ဖြစ်ပါတယ်။
- ရာန်းမန်ဂလာနဲ့ ဆက်သွယ်ပြောဆိုရာမှာ ထိုင်းနဲ့မြန်မာ ဘယ်ဘာသာစကားနဲ့ ဆက်သွယ်ပြောဆို ရမလဲ?
:: ဘာသာစကား ၂ မျိုးစလုံးနဲ့ ဆက်သွယ်လာလို့ ရပါတယ်။
- အထက်ဖေါ်ပြပါအချက်အလက်များတွင် မိမိသိချင်နေသည့်အချက်မပါရှိသေးပါက
:: မက်ဆင်ဂျာ m.me/ranmangala
:: ဖုန်းနံပတ် +66654791198 သို့ဆက်သွယ်မေးမြန်နိုင်ပါသည်။